ဥယျာဉ်မှူး

မြန်မာပြည်အတွင်း ပြည်နယ်နှင့်တိုင်း နေရာဒေသများတွေမှာ.. ဆင်းရဲနွမ်းပါးခြင်း.. မိဘမဲ့ခြင်း စသော... စသော အကြောင်းအမျိုးမျိုးတွေကြောင့်..၊ ပညာမသင်ကြားနိုင်ကြဘဲ အနာဂါတ်ဘ၀ လမ်းစပျောက်နေကြသော ကလေးငယ်များအား... ပညာဆက်လက် သင်ယူနိုင်ကြခြင်းနှင့်..၊ အနာဂါတ် ဘ၀ကောင်းသို့  လျှောက်လှမ်းနိုင်ကြ စေရန်အတွက်..၊ အရိပ်ခိုလှုံရာ ပညာသင်အရိပ် တည်ဆောက်ပြီး ပညာအမွေများကို လက်ဆင့်ကမ်းပေးနေကြသော မြန်မာပြည်တွင်းမှ ဥယျာဉ်မှူးများကို ပြည်ပရောက် မြန်မာပြည်သူ ပြည်သားများ သိရှိကြစေရန်အတွက် ဤနေရာမှ တန်ဖိုးထား ဂုဏ်ပြုစွာဖြင့် စုစည်းတင်ပြပေးလိုက်ပါသည်...။


ဒီစာကို Select ပေးပြီးရေးပါ...SummaryRest of your post

ပထဦးဆုံးအနေနှင့် တေဇာရာမဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းကို တင်ပြပေးလိုက်ပါတယ်။
ယခုတည်ကျောင်းနေရာ ရွေပြည်သာ ( ၁၆ ) ရပ်ကွက်မှာတည်ရှိလျှက်ရှိပါတယ်။ ယခင်က ဒီကျောင်းသည် လှိုင်မြို့ နယ် ( ၁၅ ) ရပ်ကွက် အနောက်အုတ်ကျင်းမှ တည်ရှိပါသည်။
ရန်ကုန်မြို့ ၊ လှိုင်မြို့ နယ် အနောက်အုတ်ကျင်းသည် စက်ရုံပေါင်းများစွာ တည်ရှိသော နေရာဒေသဖြစ်ပါသည်။ ၎င်းစက်ရုံများမှာ....
ဂုံနီစက်ရုံ၊ လျှော်ရွေးလျှော်ထုတ်စက်ရုံ၊ သစ်စက်၊ ဆပ်ပြာစက်၊ ယန္တရားစက်ရုံ၊ ကြွေရည်သုပ်စက်
စသော စက်ရုံကြီးများတည်ရှိသော နေရာဒေသ ဖြစ်ပါသည်။
၎င်းစက်ရုံမှာ အလုပ် လုပ်ကြသော အခြေခံအလုပ်သမားမိသားစုများမှာ... စက်ရုံအလုပ်ရုံနှင့်နီးသော အနောက်အုတ်ကျင်း ၁၄ ၊ ၁၅ ရပ်ကွက်မှာ အလွန်ဆင်းရဲစွာ နေထိုင်ကြပြီး သူတို့ တထွေရဲံ့ 
သားသမီး
များတို့ မှာ.. အများစုအနေနှင့် မူလတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ကြဘဲ..
မျိုးဆက်အလိုက် အရွယ်ရောက်တာနှင့် မိဘများနည်းတူ... ဒီစက်ရုံများမှာ အလုပ်ဝင်လုပ်
ကြခြင်းဟာ.... သူတို့ တွေရဲ့  ဘ၀သံသရာဘဲဖြစ်ပါတယ်။
အဲဒီအခြေအနေကို မနှစ်မြို့ တဲ့ဆရာတော်က...၁၉၆၄ ခုနှစ်မှာ တေဇာရာမဘုန်တော်ကြီးသင် အခြေခံ
မူလတန်းကျောင်းကို တည်ဆောက်ပြီး ဆင်းရဲသော စက်ရုံ အလုပ်ရုံမှ အလုပ်သမား သားသမီများကို
ပညာအမွေများ ပေးကမ်းခြင်းဖြင့် ဘ၀ကောင်းသော လမ်းများပေါ်သို့  သားကောင်း သမီးကောင်းများ
အဖြစ် မြောက်များစွာ တင်ဆောင်ပေးခဲ့သည်။
၂၀၀၅ ခုနှစ်မှာ ၎င်းရပ်ကွက်များမှ မိသားစုအားလုံးနှင့် ဆရာတော်ကျောင်းအပါအ၀င် ယခုတည်ရှိသော ရွေပြည်သာ မြို့ နယ်သို့  အစိုးရမှ ပြောင်းရွေ့ ပေးခဲ့ပါသည်....။
၁၉၆၄ မှ ၂၀၀၅ အထိ အနောက်အုတ်ကျင်းမှာ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းနှင့် ၂
၀၀၅ မှ
ယနေ့ ထက်တိုင် ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းအဖြစ် တနှစ်လျှင် ကျောင်းသားကျောင်းသူ
( ၂၀၀၀ ) ကျော်အား ပညာအမွေများကို လက်ဆင့်ကမ်းပေးလျှက် ရှိပါသည်။
ကျောင်းမြင်ကွင်းများကို ကျောင်း Blog မှာ ၀င်ရောက်ကြည့်ရှုကြပါ။

ကျောင်းတည်ထောင်သူ ဆရာတော်
ဘဒ္ဒ န္တအာစိဏ္ဏ
( အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ )
ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ စစ်ဆေးရေးဗဟိုအဖွဲ့ ဝင်
တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း
ရွေပြည်သာမြို့ နယ်၊ ( ၁၆ ) ရပ်ကွက်၊
ရန်ကုန်တိုင်း

ကျောင်း Blog ( +++++++++++++++++++ )